Saturday, September 1, 2018

Remote Desktop Services (Terminal Services)


Part-1

Remote Desktop Service (Terminal Service)
Remote Desktop Service ဆိုတာ အဝေး တစ်နေရာက နေ Computer ကို အသုံးပြုခြင်းဖြစ်ပါတယ်။
အဲ့လို အသုံးပြု လို့ ရတဲ့ RDS တွေမှာ အခြေခံအားဖြင့် အမျိုးအစား (၄) မျိုး ခွဲလို့ ရပါတယ်။
  1.    Remote Desktop Connection
  2.    Remote Assistance
  3.   Remote Desktop Web Connection
  4.   Telnet
     အစရှိသည်တို့ ဖြစ်ပါတယ်။ ထို Service တွေက တစ်ခုနဲ့ တစ်ခု Configuration ပြုလုပ်ပုံတွေမတူ ညီကြ   ပါဘူး။


     1.    Remote Desktop Connection

အဆိုပါ Service မှာဆိုရင် Remote Desktop အသုံးပြုခွင့် ပေးမဲ့ စက်က “System Properties” ကနေ Remote Desktop ကို “Allow” ပြုလုပ်ပေးရပါတယ်။ အသုံးပြုချင်တဲ့ စက်က “Remote Desktop Connection” (mstsc) ကနေ Connect ပြုလုပ်ပြီး မိမိ လုပ်ဆောင်ချင်တာတွေကို လုပ်ဆောင်လို့ ရပါတယ်။ ထို Service ကို အသုံးပြုပြီး Data Copy, Printer, Media အစရှိတာတွေ အသုံးပြု လုပ်ဆောင်လို့ရပါတယ်။ တစ်ခု သတိထားရမှာက DOS version ကနေ DOS version ကို အသုံးပြုရင်တော့ အသုံးပြုခံ ရတဲ့ စက်က “Logoff” ဖြစ်ပါတယ်။ DOS version ကနေ NOS version ကို အသုံးပြုမယ်ဆိုရင် တော့ အသုံးပြုခံရတဲ့ စက်က “Logoff” မဖြစ်ပါဘူး။ NOS version က Session ခွဲပေးနိုင်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန် Computer (၂) လုံးဘဲ တစ်ပြိုင်နက်ထဲ အသုံးပြုလို့ရပါတယ်။ (၂) လုံးထက်ပိုသုံးချင်ရင်တော့ RDS Role ကိုတင်ပေးပြီးတော့ မိမိ ဘယ်လောက်ပေးသုံးချင်လဲ သတ်မှတ်ပေးလို့ရပါတယ်။


     2.    Remote Assistance

အဆိုပါ Service မှာဆိုရင် အသုံးပြုခွင့် ပေးချင်တဲ့ စက်က Remote Assistance Invitation File တစ်ခု ထုတ်ပေးရပါတယ်။ ထို Invitation File နဲ့ အတူ Key တစ်ခုပါ ပါဝင်ပါတယ်။

အဲ့ဒီ File နှစ်ခုကို မိမိ ဆီကို Connect လုပ်စေချင်တဲ့ သူဆီကို Mail ဒါမှမဟုတ် Network ကနေ ပို့ပေးရပါမယ်။ Connect လုပ်မဲ့ စက်က အဆိုပါ Invitation File ကို Run ပြီး Key တောင်းတဲ့ အချိန်မှာ ပို့ပေးထားတဲ့ Key ကိုရိုက်ထည့်ပေးရပါတယ်။ ဒါဆိုရင် ဟိုဘက်စက်ကို Connect Request ရောက်ပြီး တစ်ဖက်က ခွင့်ပြုပေးရင် Help Desk အနေနဲ့ ကူညီပေးလို့ ရပါတယ်။ အလွယ် ပြောရရင် “TeamViewer” လိုမျိုးပါ။ တစ်ခုသတိထားရမှာက ထို Invitation File ကို Run ထားပြီး ပိတ်လို့ မရပါဘူး။ အကယ်၍ ပိတ်လိုက်မယ်ဆိုရင်နောက်တစ်ခါ Invitation File ထပ်လိုပါတယ်။ တစ်ကြိမ်မှာ တစ်ခါဘဲ Invitation File ကို အသုံးပြုလို့ရပါတယ်။


     3.    Remote Desktop Web Connection (Remote Web Access)

အဆိုပါ Service ကို အသုံးပြုမယ်ဆိုရင် အသုံးပြုခွင့်ပေးမဲ့ စက်က Role ကိုတင်ပေးဖို့ လိုပါတယ်။ Role တင်ပေးပြီးရင်တော့ မိမိ ပေးသုံး ချင်တဲ့ Sercie, Application ကို RemoteApp အနေနဲ့ Publish လုပ်ပေးရပါတယ်။ အသုံးပြုမဲ့စက်ဘက်က Web Base ကနေ လှမ်းအသုံးပြုရပါတယ်။ ဥပမာ Browser တစ်ခုခုထဲ
ဝင် ပြီး http://svr1.sto.com/rdweb ဆိုပြီး အသုံးပြုရပါမယ်။


     4.    Telnet

အဆိုပါ Service ကို အသုံးပြုမယ်ဆိုရင် တော့ အသုံးပြုခွင့် ပေးမဲ့ စက်ကော၊ အသုံးပြုချင်တဲ့စက်ဘက်ကပါ Telnet Feature ကို Install လုပ်ပေးထားဖို့လိုပါတယ်။ Feature တင်ပြီး ရင်တော့ အသုံးပြုချင်တဲ့ စက်ဘက်က Command Prompt ထဲကနေ Connect ပြုလုပ်ရပါမယ်။ အသုံးခံရတဲ့ ဘက်က ကိုယ့်စက်ကို အသုံးပြုနေတဲ့ စက်ကို Manage ပြန်လုပ်ချင်ရင် Command Prompt ထဲဝင်ပြီး “tlntadmn” command အသုံးပြုပြီး စာပို့တာ၊ အသုံးပြုခွင့် ဖြတ်တောက်တာ၊ ဘယ်စက်တွေက အသုံးပြုနေလဲ စသဖြင့် Manage ပြန်လုပ်လို့ရပါတယ်။


RDS Service တွေမှာ Session ဆိုတာရှိပါသေးတယ်။ ထို Session တွေကတော့

         1.    Active Session
         2.    Idle Session
         3.    Disconnect Session
         4.    End Session တို့ဖြစ်ပါတယ်။
သူတို့ ရဲ့ အလုပ်လုပ်တဲ့ ပုံစံက “Active Session” က RDS အသုံးပြုတာကို ID သတ်မှတ်ပေးတာဖြစ်ပါတယ်။ “Idle Session” ကတော့ Connected ဖြစ်ပြီး အသုံးမပြုဘဲ ဒီအတိုင်းထားရင် Idle ဖြစ်ပါတယ်။ ဒါကို ကျတော်တို့ အနေနဲ့ အရင်က Gtalk မှာမြင်ဖူးကြမှာပါ။ Disconnect နဲ့ End Session ကတော့ ဥပမာ ကျတော်က တစ်ပြိုင်နက်ထဲ Computer (၄) လုံးပေးသုံးထားတယ်ဆိုပါတော့၊ အဲ့ အချိန်မှာ တစ်ယောက်ယောက်က Active ID ယူပြီး အသုံးမပြုဘဲ သတ်မှတ်ထားတဲ့ မိနစ် ရောက်တာနဲ့ Disconnect လုပ်မှာလား၊ End လုပ်မှာလားသတ်မှတ်တာပါ။ Disconnect ဆိုရင်တော့ Active ID ကျန်ခဲ့တာဖြစ်တဲ့ အတွက် ခွင့်ပြုထားတဲ့ အရေအတွက် ပြည့်နေရင် နောက် Computer တစ်လုံးက ထပ်သုံးဖို့အဆင်မပြေနိုင်ပါဘူး။ End Session ဆိုရင်တော့ Active ID မကျန်ခဲ့ပါဘူး။

Thanks For Learning

No comments:

Post a Comment

Introduction of Windows Server 2022

 📣📣📣  Microsoft Windows Server 2022 အကြောင်းလေး သိသလောက် sharing လုပ်ပေးချင်ပါတယ်  📣📣📣 📌📌 ကျတော်တို့ သိကြတဲ့အတိုင်းဘဲ Microsoft W...